Thursday 2 August 2012

လေးဖက်နာ


လေးဖက်နာရောဂါ ဆိုတာကတော့ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေကြား အဖြစ်များတဲ့ အဆစ်ရောင်ရောဂါ တစ်မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးထုကြား အဖြစ်များတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ လေးဖက်နာရောဂါဟာ လူရဲ့ အသက်ကို ချက်ချင်းမသေစေနိုင်သော်လည်း စောစောစီးစီး ကုသမှုမလုပ်ရင် နာတာရှည်ရောဂါသည်ဘ၀နဲ့အိပ်ရာထဲလဲနေတာမျိုးထိ ဖြစ်နိုင်ပါတယ်။
အဲလိုမတိုင်ခင်မှာတော့ ဝေဒနာ ခံစားရသူအနေနဲ့ ရောဂါပြင်းထန်မှုပေါ် မူတည်ပြီး အဆစ်ကလေးများ နာကျင်ကိုက်ခဲ့ရမှုကြောင့် စိတ် အနှောင့်အယှက် ဖြစ်တာကစပြီး ချိနဲ့သွားကာ အလုပ်ခွင်မ၀င်နိုင်တာအထိ ဆိုးရွားတတ်ပါတယ်။
ဒါကြောင့်လည်း မြန်မာလို လေးဖက်နာ လို့ခေါ်ကြတယ် ထင်ပါတယ်။ အင်္ဂလိပ်လို့တော့ Rheumatiod Arthritis (RA ) ခေါ်ပါတယ်။ မြန်မာ အမျိုးသမီးတွေကြား အဖြစ်များတဲ့ရောဂါမို သိသလောက် ရေးတာပါ။
ရောဂါ ဖြစ်နိုင်သူများ
၁။ မိသားစုဝင် ( ညီအစ်ကိုမောင်နှမများ ) များတွင်လေးဖက်နာရောဂါ ခံစားရသူရှိခြင်း၊
၂။ ဆေးလိပ်သောက်သူများ
၃။ ကလေးမီးဖွားပြီးစနှင့် နို့တိုက် မိခင်များ
၎။ အသက်လေးဆယ်ကျော် အမျိုးသမီးများ
ရောဂါ လက္ခဏာများ
ဒီရောဂါရဲ့ ထူးခြားချက်ကတော့ ခြေဆစ် လက်ဆစ်ကလေးတွေဟာ ရောင်ရမ်းနာကျင်လာရင် ဘယ်ရော ညာပါ တစ်ပြိုင်တည်း ဖြစ်တတ်တာပါ။ လက်အဆစ်ကလေး တစ်ခုတည်းနာတာမျိုးမဟုတ်ဘဲ နှစ်ဖက်စုံနာရင် သတိထားစရာပါ။
နာကျင်တတ်တဲ့အဆစ်ကလေးတွေကတော့ လက်ချောင်း အဆစ်ကလေးများ၊ ခြေချောင်းအဆစ်ကလေးများ၊ ခြေကျင်းဝတ်အဆစ်နဲံ လက်ကောက်ဝတ် အဆစ်တွေကတော့ အဖြစ်များပါတယ်။
နောက်တစ်ချက်ကတော့ နံနက်စောစော အိပ်ယာထချိန်မှာ ခြေဆစ် လက်ဆေစ်ကလေးများ နာကျင်ပြီး တောင့်တင်နေတတ်တာပါ။ ရောဂါကို မကုသဘဲထားရင်တော့ အဆစ်ကလေးတွေရဲ့မူလ ဖွဲ့စည်းပုံ ပျက်ပြီး ပုံပျက်တတ်ပါတယ်။
အခြားရောဂါ လက္ခဏာများ
လေးဖက်နာ ရောဂါဟာ ခန္ဓာကိုယ်မှ ခုခံအားစနစ်က ကိုယ့်ကိုယ်ကိုပြန်တိုက်လို့ ဖြစ်ရတာပါ။ ဒါကြောင့် body
မှာရှိတဲ့ အဂါင်္ အစိတ်အပိုင်းတွေကိုပါ တိုက်ခိုက်ပါတယ်။
ဒါကြောင့် ဖျားခြင်း၊ အလွယ်တကူမောပန်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ အရိုးပျောဲ့ခင်း၊ သွေးအားနည်းခြင်း၊ သွေးယိုခြင်း၊ နှလုံးကြွက်သားများရောင်ခြင်း၊ ခြေလက်များ ထုံကျင်ခြင်း၊ သွေးကြောများရောင်ရမ်းပြီး ခြေလက်များ ပုပ်ခြင်း၊ အဆုတ်အတွင်း ရေစုခြင်းများ ဖြစ်တတ်ပါတယ်။
ဘယ်အချိန်မှာ ရောဂါရှိပြီပြောမလဲ ?
အခုဖော်ပြတဲ့ အချက်တွေထဲက အနည်းဆုံး (၄ ) ချက်ရှိရင် ရောဂါရှိနေပြီလို့ပြောနိုင်ပါတယ်။
၁။ အိပ်ယာထချိန်တွင် ၁ နာရီထက်ပိုအောင် ခြေဆစ်လက်ဆစ်ကလေးများ တောင့်တင်းနေခြင်း
၂။ ခန်ဓာကိုယ်ရှိ အဆစ် ၃ ဆစ်ထက်ပို ရောင်ခြင်း
၃။ လက်ဆစ်ကလေးများရောင်ရမ်း နာကျင်ခြင်း
၎။ အဆစ်များ ဘယ်ညာစုံရောင်ခြင်း
၅။ rheumatiod nodules ခေါ် အရေးပြားပေါ်တွင် ဖုလုံးလေးများ ထွက်လာခြင်း
၆။ သွေးထဲတွင် rheumatoid factor ရှိနေခြင်း
၇။ X- RAYS တွင် လေးဖက်နာရောဂါ လက္ခနာများတွေ့ရခြင်း
၈။ အထက်ပါ လက္ခဏာများ ၆ ပတ်ထိ ဆက်လက်ရှိနေခြင်း
ဘယ်အချိန်မှာဆေးခန်းပြသင့်လဲ?
အထက်မှာ ဖော်ပြခဲ့တဲ့ရောဂါလက္ခဏာတွေ ကိုယ့်မှာရှိနေပြီထင်ရင် နီးစပ်ရာ ဆရာဝန်နဲ့ တွေ့ပြီးပြသင့်ပါတယ် စောစော ကုသမှု ခံယူခြင်းဟာ အဆစ်ပုံပျက်ခြင်းကို ကာကွယ်နိုင်ပါတယ်။
နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ကုသခြင်းသာလျှင် အကောင်းဆုံးဖြစ်ပါတယ်။ ဆေးမြီးတိုနဲ့ ကုသခြင်းကို မလုပ်သင့်ပါဘူး။
ဘယ်လိုကုသမလဲ?
အဓိက ကုနည်းကတော့ ခန်ဓာကိုယိကို အနားပေးဖို့ပါပဲ။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေမလုပ်သင့်ပါဘူး။
ပေါ့ပါးတဲ့လေ့ကျင့်ခန်းများသာ လုပ်ဆောင်သင့်ပါတယ်။
လိုအပ်မှသာ ဆေးရုံတတ်ရတာပါ။ များသောအားဖြင့် အိမ်မှာ အနားယူ ကုလို့ ၇တဲ့ရောဂါပါ။
prednisalone နဲံ စတီးရွိက်မဟုတ်သော အရောင်ကျဆေးများကို ဆရာဝန် ညွှန်ကြားသည့် အတိုင်းသောက် ရပါမယ်။
မိမိသဘောအတိုင်း မသောက်သင့်ပါဘူး။ ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကို သတိထားရပါတယ်။
လေးဖက်နာအတွက်သုံးသောဆေးဝါးများ
DMARD (disease modifying antirheumatic drugs).....တွေဟာလေးဖက်နာမှာ သုံးတဲ့နောက်ဆုံးပေါ် ဆေးတွေဖြစ်ပါတယ်။ ရောင်ရမ်းခြင်းကို ချက်ချင်းမကျစေပေမယ့်
ေ၇ာဂါတိုးဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။
1. methotrexate 5-25 mg/week
2. sulfasalazine 2-3 g/day ကို အသုံးများပါတယ်။
ဒီဆေးတွင်အပြင်prednisalone ဆေးကိုပါ တွဲသုံးရင်ပိုကောင်းတယ်ဆိုပါတယ်။
ဒီဆေးတွေနဲ့မသက်သာရင် တခြား DMARD ဆေးတွေကိုသုံးလို့ရပါတယ်။
သတိထားရမှာက ဒီဆေးတွေဟာ အစာအိမ်နဲ့ အူလပ်းကြောင်းမှာ ဆိုးကျိုးတွေ ပိုပေးတတ်လို့ ဆေးကို ဆရာဝန် ညွှန်ကြားသည့် အတိုင်းသာ သောက်သင့်ပါတယ်။ ဒါ့အပြင် ရောဂါ တိုးတက်မှု ကိုလည်း ဆရာဝန်နဲ့ ပြပြီး ပုံမှန် စစ်ဆေးသင့်ပါတယ်
လိုအပ်တဲ့ကုသမှုတွေကိုလည်း တိတိကျကျ လိုက်နာဖို့ လိုပါတယ်။

ယောက်ျားလေးတွေကို ကျအောင်ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျို;.....


ယောက်ျားလေးတွေကို ကျအောင်ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျို;.....
ညို့ချက် (၁)

တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ် "သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)

ညို့ချက် (၂)

တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။

ညို့ချက် (၃)

တစ်ချို့ မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်ကြောက်ပြ၊ စိုးထိတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။
ညို့ချက် (၄)

တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။
လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။ 

ညို့ချက် (၅)

တစ်ချို့မိန်းကလေးတွေကျတော့ စကားကို
မကြားတစ်ကြားဖြစ်အောင်လုပ်ပြောတတ်တယ်။ အဲ့ဒါကတော့ ညှို့ချက် နံပါတ်ငါး"မန္ဓ၀ါစာ" လို့ခေါ်တယ်။ (ချစ်တယ်ဆိုတဲ့ အဖြေကို မပေးချင်ပေးချင် ပေးရတဲ့ လေသံမျိုးပေါ့ နောက်တော့လည်း အတင်းအဖျင်းပြောရင် အသုံးဝင်လာတတ်တဲ့ ညို့နည်းလေးပေါ့)

ညို့ချက် (၆)

မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။ (ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင် သိပ်ကိုကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ မျက်စောင်းတွေချည်း တဒိုင်းဒိုင်းအထိုးခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ)

ညို့ချက် (၇)

မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။

ညို့ချက် (၈)

မခံချင်အောင် စကားနာထိုးတာက ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။ 
အခုဖော်ပြခဲ့တာကတော့ ယောက်ျားလေးတွေကို ကျအောင်ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။။ ဟုတ်တယ် မဟုတ်ဘူးဆိုတာတော့ သေချာလက်တွေ့နှိုင်းယှဉ် ကြည့်ပေါ့နော်။

ယောကျာ်းလေးတွေသတိထားမိတတ်တဲ့ ပထမဆုံး အချက် ၁၀ ချက်(မိန်းကလေးများ အတွက်ပါ...)


ယောကျာ်းလေးတွေသတိထားမိတတ်တဲ့ ပထမဆုံး အချက် ၁၀ ချက်(မိန်းကလေးများ အတွက်ပါ...)
ဒါကတော့ မိန်းကလေးတွေ အတွက်ပေါ့နော်။ လူတစ်ယောက်နဲ့ တစ်ယောက် ပထမဦးဆုံးစတွေ့တဲ့ပုံစံကို ကြည့်ပြီး ယုံကြည်တာ အထင်ကြီးသွားတာ၊ အထင်သေးသွားတာ၊ သဘောကျတာတို့ ဖြစ်သွားစေနိုင်တယ်လေ။ မြင်မြင်ချင်းချစ်မိတာတို့၊ စတွေ့ကတည်းကကြည့်လို့ကိုမရဘူးဆိုတာတွေကို ဖန်တီးပေးတာကလည်း ကိုယ့်ရဲ့ပုံစံကြောင့်ပါပဲ။ ဒါကြောင့် ကိစ္စတစ်ခုခုကြောင့် အထူးသဖြင့် ကိုယ်သဘောကျတဲ့ ယောကျာ်းလေးတစ်ယောက်နဲ့တွေ့တော့မယ်ဆိုရင် သူတို့သတိထားမိတတ်တဲ့ အချက်လေးတွေကို သတိပြုပြင်ဆင်သွားမယ်ဆိုရင် ကိုယ်လည်းအမှတ်တက်တာပေါ့။ ကဲ.. ယောကျာ်းလေးတွေ မိန်းကလေးတစ်ယောက်ကိုတွေ့ရင် သတိထားကြည့်မိတဲ့ အချက်လေးတွေကို ကြည့်ရအောင်။



1. Luscious Looks

များသောအားဖြင့် ယောကျာ်းလေးတွေ မိန်းကလေးတစ်ယောက်ကို မြင်တဲ့အခါ မျက်နှာလေးကိုကြည့်ပြီး လှမလှဆုံးဖြတ်တတ်ကြပါတယ်။ မိန်းကလေးကလည်း မျက်နှာကိုဂရုစိုက်ပြင်သွားမှာဆိုတော့ ဒီအချက်ကို အထူးပြောစရာမလိုပါဘူး။ တကယ်လို့ သူကကိုယ့်ကို နောက်ကနေစတွေ့လိုက်မယ်ဆိုရင်ရော??? တချို့ယောကျာ်းလေးတွေက မိန်းကလေးတစ်ယောက်ကို နောက်ကတွေ့လိုက်ရုံနဲ့ ဒီမိန်းကလေးလှမလှသိနိုင်တယ်တဲ့။ ဘာကြောင့်လဲသိလား?? ဆံပင်ကြောင့်ပေါ့။ မိန်းကလေးရဲ့ဆံပင်ဟာ သူ့ကိုယ်သူဂရုမစိုက် မစိုက်ဆိုတာ သိနိုင်တဲ့ပုံသေနည်းတစ်ခုပဲနော်။ ဒါကြောင့် သင့်ဆံပင်တွေကို ပျော့ပျောင်းနူးညံ့တောက်ပနေအောင် ဂရုစိုက်ရမယ်။ သင့်ဆံပင်ကို ဖြောင့်စက်ဆွဲဖို့ (သို့) ကောက်ဖို့ အချိန်မရဘူးဆိုရင်တောင် ဆံပင်ကို သေသေချာချာ ဖီးပြီး သပ်သပ်ရပ်ရပ်ဖြစ်နေပါစေ။ သင့်ဆံပင်လေးတွေက မွှေးပျံပြီး ပိုးသားလေးလိုဖြစ်နေမယ်ဆိုရင် သင့်ကိုတွေ့တာနဲ့ သဘောကျသွားမှာနော်။

2. Perfect Posture

မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်ဟန်အနေအထားကလည်း အရမ်းအရေးကြီးတယ်နော်။ သင့်ရဲ့ခန္ဓာကိုယ်လေးက မတ်ပြီး မျက်နှာလေးနဲနဲမော့နေမယ်ဆိုရင် သင်ဟာကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး ဆွဲဆောင်မှုလည်းရှိတဲ့ မိန်းကလေးတစ်ယောက် လို့ပြောနေသလိုပဲနော်။ ဒီလိုမိန်းကလေးမျိုးဟာ လူတွေအများကြီးကြားထဲမှာ ထင်းခနဲပေါ်နေတာပေါ့။ သင်ကိုယ်တိုင်ပဲစဉ်းစားကြည့်ပေါ့။ လူကခပ်ကိုင်းကိုင်း၊ ပခုံးလျှော၊ အားမရှိတဲ့ပုံနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ထမ်းထားရသလိုပုံစံမျိုးနဲ့ လူတစ်ယောက်ကိုသဘောကျပါ့မလား။ ဒါကြောင့် ခုပဲ သင့်ရဲ့ကိုယ်နေကိုယ်ထားကို သတိထားပြုပြင်လိုက်နော်။ ဒါမျိုးက အကျင့်ဖြစ်နေမှ ကြည့်ရ အဆင်ပြေမှာပါ။ လိုတဲ့အချိန်မှ အတင်းလုပ်ယူထားရရင် သက်တောင့်သက်သာရှိမှာ မဟုတ်ဘူးနော်။ ကြည့်ရတာလည်း အဆင်ပြေမှာမဟုတ်ဘူး။

3. Your Friends

သင်နဲ့ ခုမှစတွေ့တဲ့ ယောက်ျားလေးဟာ သင့်ကိုသာမက သင့်သူငယ်ချင်းတွေကိုလည်း အကဲခတ်တတ်တယ်နော်။ တကယ်လို့ သင့်သူငယ်ချင်းတွေဟာ အိနြေ္ဒမရှိ ရိုင်းတယ်ဆိုရင် သင့်ကိုလည်းအဲ့လိုပဲ ထင်သွားမှာနော်။ ဒါကြောင့် သင့်မှာ အဲ့လိုသူငယ်ချင်းတွေရှိတယ်ဆိုရင် သူတို့နဲ့ကြိုညှိထားဖို့လိုတယ်နော်။ ဒါမှမဟုတ်ရင်လည်း ကောင်လေးနဲ့တွေ့မယ့်နေရာကို လူတိုင်းနဲ့ လိုက်လျောညီထွေ ဆက်ဆံတတ်တဲ့ သူငယ်ချင်းကိုခေါ်သွားလိုက်ပါ။

4. Your Pout

ယောကျာ်းလေးတွေဟာ စတွေ့တွေ့ချင်း မိန်းကလေးရဲ့နှုတ်ခမ်းကိုလည်း သတိထားမိတတ်ကြသတဲ့။ ကောင်မလေးရဲ့နှုတ်ခမ်းလေးက ထူလား၊ ပါးလား၊ ဘာအရောင်လဲ၊ နှုတ်ခမ်းလှလားပေါ့။ သင့်ရဲ့ နှုတ်ခမ်းလေးက နှုးညံ့ ရွှန်းစိုနေပြီး ပန်းနုရောင်လေးပြေးနေမယ်ဆိုရင်တော့ အမှတ်ပြည့်ပဲနော်။

5. Your
Ever Smile

ပုံးပြုံးရွှင်ရွှင်နေတတ်တာကလည်း ဆွဲဆောင်မှုတစ်ခုပါပဲ။ ဒါပေမဲ့ဟန်ဆောင်ပြုံးက အလုပ်မဖြစ်ဘူးနော်။ ဒါကြောင့် စိတ်ပေါ့ပေါ့ပါးပါးနဲ့ အမြဲပြုံးပြုံးရွှင်ရွှင်ဖြစ်အောင် ကြိုးစားပါ။ ဒါကနှစ်လိုဖွယ်ကောင်းခြင်းရဲ့ ပြယုဒ်ပဲနော်။ ပြီးတော့ သင့်သွားလေးတွေ ဖြူဖွေးပြီး ခံတွင်းနံ့မရှိအောင် ဂရုစိုက်ပါ။ အပြုံးလေးလှလှကလည်း စွမ်းတယ်ဆိုတာ မမေ့ပါနဲ့။

6. What You Carry Around

မယုံမရှိနဲ့နော်။ သင့်အိတ်ထဲကပစ္စည်းတွေနဲ့ သင်နဲ့အတူရှိနေတဲ့ ပစ္စည်းတွေဟာလည်း သင်ဘယ်လိုလူလဲဆိုတာကို ပြောပြနိုင်ပါတယ်။ သင့်အိတ်ထဲမှာ အလှကုန်ပစ္စည်းတွေနဲ့ ပြည့်နေတာက သင်ဟာအရမ်းအလှကြိုက်တဲ့ကောင်မလေးဆိုတာကို ပြောပြနေတယ်နော်။ သင့်လက်ထဲကစာအုပ်တွေကိုကြည့်ပြီးတော့ သင်ဟာအေးအေးဆေးဆေးနေတတ်တာကို ပြောနေသလို စာအုပ်အမျိုးအစားတွေကလည်း သင်ဟာ ဘာသာရေးလိုက်စားသူလား၊ သင်ယူလေ့လာခြင်းကိုစိတ်ဝင်စားသူလားဆိုတာကိုလည်း သိနိုင်တယ်နော်။ ဒါတွေကလည်း ကောင်လေးတွေသတိထားမိတဲ့အချက်ပါပဲ။

7. High Heels

ဒေါက်မြင့်ဖိနပ်ကို နေ့တိုင်းစီးဖို့မလိုပါဘူး။ ဒါပေမဲ့ ဒေါက်ဖိနပ်စီးတဲ့မိန်းကလေးတွေကို ယောကျာ်းလေးတွေကပိုသတိထားမိတာကိုတော့ မမေ့နဲ့နော်။ ဒေါက်မြင့်ဖိနပ်တွေက သင့်ကိုပိုဆွဲဆောင်မှုရှိစေပါတယ်၊ ပိုထင်ရှားစေတယ် ပြီးတော့ ကိုယ့်ကိုယ်ကို ပိုပြီးတော့ယုံကြည်မှုရှိစေပါတယ်။ ဒါကြောင့်ဒေါက်ဖိနပ်တွေကို တစ်ပတ် ၂ကြိမ် တော့စီးပေးပါ။

8. How You Strut

မိန်းကလေးတွေရဲ့လမ်းလျှောက်ပုံကိုလည်း ယောက်ျားလေးတွေက သတိထားမိတတ်ပါတယ်။ သိမ်မွေ့တဲ့ လမ်းလျှောက်ဟန်က မိန်းကလေးတစ်ယောက်ရဲ့အလှကိုပြည့်စုံအောင် ထောက်ပံ့ပေးတယ်လေ။ တော်ဝင်မင်းသမီးတွေဆိုရင် လမ်းလျှောက်နည်းကိုတောင်သင်ရပါတယ်။ လမ်းလျှောက်ဟန်က အရေးကြီးတယ်ဆိုတာ သိသွားပြီဟုတ် ??
လမ်းလျှောက်ပုံက နွဲ့နှောင်းရမယ်ဆိုလို့ အရမ်းကြီးနွဲ့စရာမလိုဘူးနော်။ ဆတ်တောက်ဆတ်တောက်နဲ့ ကားယား ကားယားမဟုတ်ပဲ ခြေလှမ်းမှန်မှန်နဲ့ အိနြေ္ဒရရ ညင်ညင်သာသာလျှောက်ရင် ရပါပြီ။

9. Your Clothes

ယောကျာ်းလေးတွေ သတိထားကြည့်မိတတ်တဲ့ထဲမှာ အ၀တ်အစားလည်း ပါတယ်နော်။ လူရဲ့ပုံစံက အ၀တ်အစားပေါ်လည်း အများကြီးမူတည်တယ်ဆိုတာ သူငယ်ချင်းတို့လည်း သိမှာပါ။ မျက်နှာလေးက အရမ်းမလှရင်တောင် ၀တ်တတ်စားတတ်ရင် ကြည့်လို့လှတယ်လေ။ အ၀တ်အစားကို ကောင်းကောင်းမွန်မွန်ဝတ်ဖို့လိုပေမယ့် ဈေးကြီးဖို့ မလိုပါဘူး။ ခေတ်မီမီလေးဝတ်ဖို့လိုပေမယ့် ခေတ်ဆန်လွန်းတာလည်း မကောင်းပါဘူး။ ဆွဲဆောင်မှုရှိဖို့လိုပေမယ့် လျှပ်ပေါ်လော်လီတာမျိုးဆိုရင်တော့ လူကို ပေါ့ပျက်ပျက်နဲ့လို့တောင် အထင်ခံရနိုင်တယ်နော်။ ပြီးတော့ ဘယ်လောက်လှတဲ့ အ၀တ်အစားပဲဖြစ်ဖြစ် ကိုယ်နဲ့လိုက်ချင်မှ လိုက်တာလေ။ အဲဒီတော့ ကိုယ်နဲ့လည်းလိုက်ဖက် ကြည့်ရလည်းအဆင်ပြေပြီး ခေတ်လည်းမီတဲ့ အ၀တ်အစားလေးတွေကို ၀တ်ပါ။ စမတ်ကျကျဝတ်စားတတ်တဲ့သူဆိုရင် အလိုလိုတောင်မှ လူရှိန်တယ်ဆိုတော့ ဒီအချက်ကိုလည်း ဂရုစိုက်သင့်တယ်နော်။

10. Your Attitude

ယောက်ျားလေးက မိန်းကလေးကို အကဲခတ်တတ်တဲ့ အရေးကြီးဆုံးအရာကတော့ စိတ်နေသဘောထားပါပဲ။ မိန်းကလေးတစ်ယောက်ဟာ နတ်သမီးလိုလှနေပါစေ၊ ကမ္ဘာကျော်မင်းသမီးတွေလို ဆွဲဆောင်မှုရှိပါစေ၊ စိတ်ထားမကောင်းရင် ဇာတ်လမ်းမစခင်ပြီးသွားမှာပါပဲ.. ဘယ်ယောက်ျားလေးမှ စုန်းမလိုလူမျိုးနဲ့ မနေချင်ဘူးလေ။ အဲ့တော့ သဘောထားကြီးပြီး အကောင်းမြင်တတ်အောင်လုပ်ပါ။ အားလုံးကိုအကောင်းမြင်ရင် စိတ်ညစ်တာတွေလည်းပျောက် ပိုလှပြီး ပိုတောင်အသက်ရှည်လာဦးမယ်။

မိန်းကလေးတစ်ယောက် စွဲဆောင်မှုရှိတာနဲ့ မြူဆွယ်တာ၊ လှတာနဲ့ အလွန်အကျွံပြင်တာ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတာနဲ့ မောက်မာတာ၊ ဖြူစင်တာနဲ့ ဟန်ဆောင်တာတွေကြားမှာ စည်းပါးပါးလေးပဲရှိပါတယ်။ အဲ့ဒီစည်းလေးကပဲ သင်ဟာချစ်မြတ်နိုးတန်ဖိုးထားသင့်တဲ့ မိန်းကလေးဟုတ်မဟုတ်ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ ခု မိန်းကလေးတစ်ယောက်ကို ယောကျာ်းလေးတစ်ယောက်က သတိထားကြည့်တတ်တဲ့အချက်တွေကို ပြောပြီးပြီနော်။ လှပတဲ့ဘ၀လေးကိုလိုချင်ရင် စိတ်ပိုင်းရောရုပ်ပိုင်းပါ လှပနေမှဖြစ်မှာပေါ့။ 


အိပ်စက်ပုံကို ကြည့်ပြီး လူကဲခတ်ခြင်း အပါအ၀င် အိပ်စက်ခြင်း အကြောင်း ကျွန်တော်တို့ မသိသေးသော အချက်များ


အိပ်စက်ပုံကို ကြည့်ပြီး လူကဲခတ်ခြင်း အပါအ၀င် အိပ်စက်ခြင်း အကြောင်း ကျွန်တော်တို့ မသိသေးသော အချက်များ
အိပ်စက်ခြင်းဟာ လူသားတွေ အတွက် မရှိမဖြစ် လိုအပ်တယ်ဆိုတာ အထူးပြောနေစရာ မလိုလောက်အောင် သေချာပါတယ်။ လူသားအပါအ၀င် နို့တိုက်သတ္တ၀ါ အားလုံး၊ ငှက်များ၊ တွားသွားသတ္တ၀ါ အများစု၊ ရေနေကုန်းနေ သတ္တ၀ါများနဲ့ ငါးတွေဟာ အသက်ရှင်ရေး လုပ်ငန်းတာဝန်များကို ဆက်လက်ပြီး ပုံမှန် လုပ်ဆောင်နိုင်ဖို့ အတွက် မဖြစ်မနေ လိုအပ်တဲ့ အိပ်စက်နားနေမှုနဲ့ ပတ်သက်ပြီး ဆေးပညာရှင်များ၊ ဇီဝဗေဒပညာရှင်များက ကမ္ဘာတစ်ဝန်း လေ့လာ တွေ့ရှိထားတဲ့ အချက် ၁၅ ချက် ဖြစ်ပါတယ်။

(၁) အိပ်ပျော်နေတုန်း ကျွန်တော်တို့ ကိုယ်ခန္ဓာထဲမှာ ဦးနှောက်ရဲ့ အစိတ်အပိုင်း အတော်များများဟာ အနားယူ အားဖြည့်ကြပါတယ်။ ခန္ဓာကိုယ် အနှံ့မှာ ရှိတဲ့ ဆဲလ်တွေက သူတို့ကိုယ် သူတို့ ပြုပြင် တည်ဆောက်ကြပါတယ်။ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဟော်မုန်းတွေ ထွက်လာပါတယ်။ ဒါကြောင့် အိပ်ရေးပျက်တဲ့ ညမှာ ကျွန်တော်တို့ဟာ ဒီအခွင့်အရေးတွေကို မရတဲ့အတွက် ရက်ဆက် အိပ်ရေးပျက်တာတွေ များလာရင် နေလို့ ထိုင်လို့ မကောင်းတော့ ပါဘူး။

(၂) လူသားတွေ ပုံမှန် ကျန်းမာဖွံ့ဖြိုးပြီး ဦးနှောက် ဖွံ့ဖြိုးနေစေဖို့ နေ့စဉ် အနည်းဆုံး လိုအပ်တဲ့ အိပ်ချိန်နာရီတွေဟာ အသက်အရွယ်ကို လိုက်ပြီး အနည်းအများ ကွာခြားပါတယ်။ အသက်ကြီးလေလေ အိပ်ဖို့ အချိန် အများကြီး မလိုလေ ဖြစ်ပါတယ်။ အသက် ၃ နှစ်အောက် ကလေးတွေ အတွက် တစ်နေ့ကို ၁၆ နာရီ၊ ၃ နှစ်ကနေ ၁၂ နှစ်အတွက် ၁၀ နာရီ၊ ၁၃ နှစ်ကနေ ၁၈ နှစ်ကြားဆိုရင် ၁၀ နာရီ၊ ၁၉ နှစ်ကနေ ၅၅ နှစ်ကြားဆိုရင် ၈ နာရီနဲ့ အသက် ၆၅ နှစ်အထက် လူကြီးများဆိုရင်တော့ ၆ နာရီသာ အနည်းဆုံး လိုအပ်ကြောင်း တွေ့ရှိရပါတယ်။

(၃) အမျိုးသားတွေ မက်တဲ့ အိပ်မက်တွေရဲ့ ၇၀% ဟာ အမျိုးသားတွေအကြောင်း (သို့) အမျိုးသားတွေပဲ ပါလေ့ရှိပြီး အမျိုးသမီးတွေကတော့ သူတို့ရဲ့ အိပ်မက်တွေထဲမှာ အမျိုးသားတွေကော အမျိုးသမီးတွေပါ ညီတူမျှတူ ပါဝင်လေ့ ရှိပါသတဲ့။

(၄) ကျွန်တော်တို့ဟာ အိပ်မက်ထဲမှာ ဘ၀တလျောက် မြင်ဖူးခဲ့ မျက်နှာပုံစံတွေကိုပဲ မြင်မက်ကြတာ ဖြစ်ပါတယ်။ မမြင်ဖူး မတွေ့ဖူးဘူးလို့ ထင်ရင် မှားပါတယ်တဲ့။ အဲလိုထင်တာဟာ ကောင်းကောင်း မမှတ်မိလို့သာ ဖြစ်ပါတယ်လို့ ပညာရှင်များက တွေ့ရှိ အတည်ပြုထား ပါတယ်။

(၅) လူတစ်ယောက်ဟာ အိပ်မောကျနေရင်း လမ်းထလျှောက်တာ၊ အိမ်အလုပ်တွေ ထလုပ်တာ၊ ကားမောင်းထွက်သွားတာ စတာတွေ ကြားဖူးပါလိမ့်မယ်။ ဒါဟာ အတော်လေး ပြဿနာရှိတဲ့ အိပ်စက်ခြင်းဆိုင်ရာ ရောဂါတစ်ခု (Sleep Disorder) တစ်ခု ဖြစ်ပြီး မကုသဘဲ ထားရင်၊ အတူနေသူတွေက ဂရုပြု ထိန်းသိမ်းပေးခြင်း မလုပ်ရင် အိပ်ပျော်နေရင်း ကားမောင်းကာ ယာဉ်မတော်တဆ ဖြစ်ခြင်း၊ မိမိအတွက် အကျိုးမဲ့သော စာများ ရေးသားမိခြင်း (ဥပမာ ချက်လက်မှတ်ကို ရေး၍ လက်မှတ်ထိုးမိခြင်း၊ မြိုသိပ်ထားတဲ့ မကျေနပ်သော ကိစ္စများကို ချရေးမိခြင်း စသည်) ကနေ ကလေးသူငယ်များ အပေါ် လိင်အကြမ်းဖက်မှု၊ မုဒိန်းမှုကနေ လူသတ်မှုအထိ ဖြစ်ဖူးခဲ့တဲ့ မှုခင်း မှတ်တမ်းများ ရှိခဲ့ဖူးပါတယ်။

(၆) ကမ္ဘာ့လူဦးရေ အားလုံးရဲ့ ၁၂% ဟာ အိပ်မက်မက်ရင် အဖြူနဲ့အမည်း နှစ်ရောင်တည်းနဲ့ပဲ (ခေတ်ဟောင်း ရုပ်မြင်သံကြားစက်လိုမျိုး) မက်တတ်ကြပါတယ်တဲ့။ ဒါပေမဲ့ ရောင်စုံရုပ်မြင်သံကြားစက်တွေ ပေါ်လာပြီး နောက်ပိုင်း အရောင်နဲ့ အိပ်မက်မက်သူတွေ ပိုများလာကြပြီး အဆိုပါ ကိန်းဂဏန်းဟာ အတော်လေး လျော့ကျသွားကြောင်း တွေ့ရှိရပါတယ်။

(၇) အိပ်မက်တွေ များများမက်တဲ့သူ၊ ပုံမှန်လောက်ပဲ မက်တဲ့သူ၊ အမက်နည်းတဲ့သူရယ်လို့ အကြမ်းဖျဉ်း ခွဲခြားနိုင်ပြီး သုံးမျိုးစလုံးဟာ ပုံမှန်ပဲလို့ ပညာရှင်များက ဆိုပါတယ်။ ဆိုလိုရင်းက အိပ်မက်မက်ခြင်းဟာ ပုံမှန် အခြေအနေ တစ်ရပ်ဖြစ်ပြီး အိပ်မက် မမက်ခြင်းကသာ ကိုယ်ရည်ကိုယ်သွေး၊ အကျင့်စရိုက်နဲ့ စိတ်နေစိတ်ထား ပုံမှန်မဟုတ်မှုများ (Personality Disorders) ရှိနေနိုင်တယ်လို့ ဖြစ်ပါတယ်။ (သို့သော်လည်း အိပ်မက်များဟာ အ၀ိဇ္ဖာနဲ့ တဏှာရှိနေသူ ပုထုဇဉ်များရဲ့ ဥပါဒါန်အစွဲအလမ်းကြောင့် မြင်ဖက်ရတာ ဖြစ်ပြီး အရဟတ္တမဂ်ဖိုလ် ဆိုက်ရောက်ရရှိသွားတဲ့ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ စတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးသူများဟာလည်း အိပ်မက်မြင်မက်ခြင်း မရှိတော့ဘူးလို့ လေ့လာမှတ်သားဖူးပါတယ်)

(၈) လူတစ်ယောက် အိပ်စက်နေစဉ် ခန္ဓာကိုယ် အနေအထားကို ကြည့်ပြီးတော့ ဒီလူဟာ ဘယ်လို စိတ်နေသဘောထားမျိုး ရှိသလဲ ဆိုတာ ခွဲခြားနိုင်ကြောင်း ဗြိတိန်အမျိုးသား အိပ်စက်ခြင်း သုတေသနနှင့် အကြံပေးအဖွဲ့ရဲ့ ဒါရိုက်တာ ဖြစ်သူ ပါမောက္ခ ခရစ်အစ်ဇီကောစကီးက သိပ္ပံနည်းကျ လေ့လာတွေ့ရှိ အတည်ပြုပေးခဲ့ ပါတယ်။ သူ့ရဲ့ တွေ့ရှိချက်အရ လူတွေဟာ အိပ်ရင် အောက်ပါ အိပ်စက်နည်း ၆ နည်းထဲက တစ်နည်းနည်းအတိုင်း ကိုယ်နေဟန်ထားပြီး အိပ်ကြတယ်လို့ တွေ့ရှိရပါတယ်။



သန္ဓေသားပုံစံ (Foetus) - အပြင်ပန်း မာကျောပြီး စိတ်အတွင်းပိုင်း နုနယ်သူများ ဖြစ်ကြပါတယ်။ လူတစ်ယောက်ကို တွေ့တွေ့ချင်း ရှက်ကိုးရှက်ကန်း ဖြစ်တတ်ပေမယ့် ခဏနေရင်တော့ သက်သာရ ရသွားတတ်ကြပါတယ်။ သူတစ်ပါး အပေါ် ဆက်ဆံရာမှာ ခင်မင်နှစ်လိုဖွယ် သိပ်မရှိတဲ့ အမူအရာမျိုးနဲ့ ဆက်ဆံတတ်ပေမယ့် တကယ်ခင်သွားရင် နွေးထွေးပွင့်လင်းတဲ့ နှလုံးသား ရှိသူတွေလို့ ဆိုပါတယ်။ ဒါဟာ လူဆယ်ယောက်မှာ လေးယောက် အိပ်တတ်တဲ့ ပုံစံ ဖြစ်လို့ အများဆုံး ပုံစံလို့ ဆိုနိုင်ပါတယ်။ ဒီပုံစံနဲ့ အိပ်သူတွေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် နှစ်ဆ ပိုများတာ တွေ့ရပါတယ်။

သစ်တုံး (Log) - ဘေးတစ်စောင်း နေပြီး လက်တွေ ဆန့်ထားတဲ့ ပုံစံမျိုး အိပ်တဲ့ ပုံစံ ဖြစ်ပါတယ်။ ဒီလို အိပ်လေ့ ရှိသူတွေဟာ ပျော်ပျော်နေသေခဲ စိတ်ဓာတ်မျိုး ရှိကြပါတယ်။ လူစုလူဝေး ကြားထဲ နေထိုင်ဆက်ဆံရတာ ကြိုက်နှစ်သက်တတ်ကြပြီး ဘယ်အသိုင်းအ၀ိုင်းမျိုးပဲ ဖြစ်ဖြစ် ၀င်ဆံ့သူများလို့ ဆိုနိုင်ပြီး သူတို့ရဲ့ အားနည်းချက်ကတော့ လူတွေကို အရမ်းယုံလွယ်တတ်တာပဲ ဖြစ်ပါတယ်။

တမ်းတသူ (Yearner) – အိပ်ရင် ဘေးဘက်ကို လက်တွေ ထားအိပ်တဲ့ ပုံစံ ဖြစ်ပါတယ်။ ပွင့်လင်းတဲ့ သဘောသဘာဝ ရှိသလိုလိုနဲ့ အတွင်းစိတ်က သံသယ များသူတွေ ဖြစ်ကြပြီး လူတွေအားလုံးကို အတ္တသမားတွေ၊ မရိုးသားသူတွေပဲလို့ ထင်မြင်တတ်ကြသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ထူးခြားချက်က တော်ရုံတန်ရုံ ဆုံးဖြတ်ချက်လေး တစ်ခုလောက်ကို ချဖို့တောင် ချီတုံချတုံ ဖြစ်နေတတ်သလို ဆုံးဖြတ်ချက် တစ်ခုကို ချပြီးတာနဲ့ ပြောင်းလဲကျင့်သုံးဖို့လည်း ၀န်မလေးသူတွေ ဖြစ်ကြတယ် ဆိုတာပါပဲ။

စစ်သား (Soldier) – ပက်လက်အိပ်ပြီး ဘေးနှစ်ဖက်ကို လက်တွေ ဆန့်ချထားသူတွေ ဖြစ်ပါတယ်။ ဒီလိုအိပ်တတ်သူတွေဟာ ယေဘုယျအားဖြင့် ရေငုံနှုတ်ပိတ် သမားများ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ခံစားချက်တွေ၊ အတွေးတွေကို တော်ရုံနဲ့ ထုတ်မပြောတတ်သူတွေ ဖြစ်ကြပါတယ်။ ခံစားမှု လွန်ကဲ ပေါက်ကွဲမှုတွေကို မနှစ်သက် သလို ကိုယ့်ကိုယ်ကိုရော ဘေးလူကိုပါ အဲဒီလို မဖြစ်အောင် ထိန်းသိမ်းနိုင်သူတွေလည်း ဖြစ်ကြပါတယ်တဲ့။

ဖရီးဖောခုန်သူ (Freefaller) - မှောက်လျက် ခေါင်းစောင်း အိပ်ရင်း ခေါင်းအုံးနားမှာ လက်တွေ ထားတတ်သူတွေ ဖြစ်ပါတယ်။ လူစုဖွဲ့ နေထိုင်ရတာကို ပျော်ရွှင်သူတွေ ဖြစ်ပြီး များသောအားဖြင့် တက်ကြွလန်းဆန်းကာ ခင်ဖို့ ကောင်းသူတွေ ဖြစ်တတ်ကြပါတယ်။ မကောင်းတဲ့ အချက်က ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲကာ သူတစ်ပါးအပေါ် အရိုအသေတန်တတ်ကြတာ ဖြစ်ပါတယ်။ ဒီလို အပြင်ပန်း ဖြစ်နေပေမယ့် အတွင်းစိတ်က စိုးရိမ်လွန်ကဲတတ်ပြီး သူများဝေဖန်ရင် ထိခိုက်လွယ်သူများ၊ ပတ်ဝန်းကျင်ကို ဂရုစိုက်လွန်းသူများ ဖြစ်တတ်ကြတာလည်း တွေ့ရပါတယ်။ အစွန်းရောက်တဲ့ သဘာထားကွာဟမှုတွေ ကြားထဲ မရှင်သန်လိုသလို ဝေဖန်မှုကိုလည်း မကြိုက်သူတွေ ဖြစ်ပါတယ်။

ကြယ်ငါး (Starfish) - ပက်လက်အိပ်ရင်း ခေါင်းအုံးနားမှာ လက်တွေ ထားတတ်သူတွေ ဖြစ်ပါတယ်။ သူတစ်ပါး စကားကို အကောင်းဆုံး နားထောင်ပေးသူများ၊ အကူအညီလိုရင် ကူညီတတ်သူများ ဖြစ်လို့ လူချစ်လူခင် ပေါသူများ ဖြစ်ပါတယ်။ သူတစ်ပါး ကိုပဲ အာရုံစိုက်ပေးချင်ပြီး ကိုယ့်ကို အားလုံး အာရုံဝိုင်းစိုက်၊ ၀ိုင်းပြောရင် မကြိုက်သူများ ဖြစ်ပါတယ်။

အထက်ပါ အိပ်စက်ခြင်း ကိုယ်နေဟန်များဟာ နာမကျန်း ဖြစ်နေခြင်း၊ မူးယစ်သေစာ သောက်စားထားခြင်း၊ ပင်ပန်းမှု လွန်ကဲခြင်း စတာတွေ မရှိတဲ့ အချိန်မှာ စဉ်းစားရမှာ ဖြစ်ပြီး ညစဉ် လူတစ်ယောက် များသော အားဖြင့် အိပ်တတ်တဲ့ ပုံစံလို့ ဆိုလိုပါတယ်။ ဒါ့အပြင် လူနှစ်ဆယ်မှာ တစ်ဦးဟာ တစ်ညတည်းမှာ ပုံစံမျိုးစုံ ပြောင်းလဲ အိပ်စက်တတ်လို့ စိတ်နေသဘောထားကို အိပ်စက်ခြင်းကနေ မှန်းရခက်တယ်လို့ ပါမောက္ခခရစ်က တွေ့ရှိခဲ့ပါတယ်။ ကျန်းမာရေးနဲ့ အိပ်စက်မှု ပုံစံများ ဆက်စပ်မှုကို ပြောပြရရင် ဖရီးဖောခုန်သူ ပုံစံက အစာကျေလွယ်ပြီး ကြယ်ငါးနဲ့ စစ်သား ပုံစံတွေက ဟောက်ခြင်း၊ အိပ်မက်ဆိုး မက်ခြင်းတွေနဲ့ ပိုနီးစပ်စေပါတယ်။

(၉) အနောက်တိုင်းမှာ အိမ်ထောင်ရှင် စုံတွဲလေးတွဲမှာ တစ်တွဲဟာ အိပ်ရာခွဲအိပ်ကြတာ တွေ့ရှိရပါတယ်။ ဒါပေမဲ့ ခွဲအိပ်လို့ သူတို့ ဇနီးမောင်နှံတွေက ပိုမတွယ်တာကြဘူးလို့ မဆိုလိုနိုင်သလို ပျမ်းမျှ အသက် ၅၀ ကျော်အထိ တစ်ယောက်အပေါ် တစ်ယောက် စိတ်ဝင်စားတပ်မက်မှု ရှိနေသေးတာဟာ အရှေ့တိုင်းနဲ့ ကွာတဲ့ အချက် ဖြစ်ပါတယ်။ ဒါဟာ လိင်မှုကိစ္စနဲ့ ဆိုင်တဲ့ ကျန်းမာရေး အသိ၊ အိမ်ထောင်ဖက် အပေါ် ကောင်းစွာ နားလည်ထိန်းကျောင်းနိုင်တဲ့ လူသားစိတ်ပညာ (Human Psychology) နားလည်မှု၊ မည်သို့ပင် ကျားမ ရှုပ်ထွေးသော အနောက်တိုင်းယဉ်ကျေးမှု ရှိနေသော်လည်း မိသားစုကို နံပါတ်တစ် တန်ဖိုးထားမှု၊ ရင့်ကျက်မှု၊ တစ်အိမ်ထောင်စုချင်း၏ ၀င်ငွေမြင့်မားမှု စတာတွေက အဓိက ကျတယ်လို့ အရှေ့တိုင်း လူမှုရေးစိတ်ပညာရှင်များက လေ့လာတွေ့ရှိထားပါတယ်။

(၁၀) တိုက်ပွဲဝင် ဗြိတိန်တပ်မတော်သားတွေဟာ စစ်မြေပြင်မှာ ၃၆ နာရီအထိ မအိပ်ဘဲ နိုးကြားစွာ နေနိုင်တဲ့ နည်းလမ်းကို ပထမဆုံး စသုံးခဲ့သူတွေလို့ သိရပါတယ်။ သူတို့ရဲ့ လျှို့ဝှက်ချက်က ပင်ပန်းနွမ်းနယ်လာရင် နေရောင်ခြည်နဲ့ တူတဲ့ အလင်းရောင် တောက်ပမှုမျိုး ထုတ်လွှတ်ပေးနိုင်တဲ့ အထူးအမြင်အာရုံ ကိရိယာ (Special Visor) ကို မျက်မှန်လိုမျိုး တပ်ဆင်လိုက်တာနဲ့ ပင်ပန်းနွမ်းနယ် အိပ်ချင်စိတ်တွေ ပျောက်သွားကာ တစ်ရက်ခွဲခန့် ဆက်တိုက် နိုးကြားနေနိုင်ပါသတဲ့။

(၁၁) နို့တိုက်သတ္တ၀ါတွေထဲမှာ တစ်နေ့အိပ်ချိန်အနည်းဆုံး သတ္တ၀ါက သစ်ကုလားအုတ် ဖြစ်ပြီး တစ်နေ့လုံး စုစုပေါင်း အိပ်ချိန် ပျမ်းမျှ ၁ နာရီနဲ့ ၅၄ မိနစ်ပဲ ရှိတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဒါတောင် သူက တစ်ဆက်တည်း အိပ်တာ မဟုတ်ဘဲ ၅ မိနစ် ၁၀ မိနစ်လောက်လေးတွေ ခွဲခွဲပြီး ခဏခဏ အိပ်တတ်တာလို့ သိရပါတယ်။ သူ့အနောက်က သမင် (၃ နာရီ ၅ မိနစ်)၊ အာရှဆင် (၃ နာရီ ၆ မိနစ်) တို့က ဒုတိယနဲ့ တတိယ လိုက်ကြပါတယ်။ တစ်နေ့အိပ်ချိန် အများဆုံး နို့တိုက်သတ္တ၀ါတွေကတော့ ခိုအားလားဝက်ဝံ (၂၂ နာရီ)၊ လင်းနို့ (၁၉ နာရီ ၅၄ မိနစ်)၊ သင်းခွေချပ် (၁၈ နာရီ) တို့ အသီးသီးဖြစ်ကြပါတယ်။

(၁၂) အိပ်စက်နေချိန်မှာတောင်မှ ဦးနှောက်တစ်ခြမ်းပဲ အိပ်ပြီး တစ်ခြမ်း အလုပ်လုပ်သူတွေက လင်းပိုင်ငါးတွေ ဖြစ်ပါတယ်။ အဲဒီဦးနှောက်တစ်ခြမ်းက အသက်ရှူခြင်းကို တာဝန်ယူ ဆောင်ရွက်နေပါတယ်။

(၁၃) လူတစ်ယောက်ဟာ အစာနဲ့ အိပ်စက်ခြင်း မရရင် အာဟာရ ပြတ်ခြင်းကြောင့် အရင် မသေဘဲ မအိပ်ရခြင်းကြောင့် အရင်သေမှာ ဖြစ်ပါတယ်။ အစာပြတ်ရင် ၁၄ရက်အထိ ခံနိုင်ပေမယ့် ဆက်တိုက်မအိပ်ရတာ ဆယ်ရက်ကျော်သွားရင် သေနိုင်တယ်လို့ သိရပါတယ်။

(၁၄) ကမ္ဘာလောကကြီးကို တစ်ခါမှ မမြင်ဖူးတဲ့ မွေးရာပါ မျက်မမြင် တွေလည်း အိပ်မက်မက်တယ်လို့ သိရပါတယ်။ ၄င်းတို့ရဲ့ အိပ်မက်တွေဟာ ၄င်းတို့ ခံစားဖူးတဲ့ စိတ်ခံစားမှု၊ အထိအတွေ့၊ အနံ့၊ အရသာတွေသာ ပါတယ်လို့ သိရပါတယ်။

(၁၅) များသောအားဖြင့် နိုးပြီးပြီးချင်း ၅ မိနစ်အကြာမှာ မက်ခဲ့တဲ့ အိပ်မက်ရဲ့ ၅၀% ကို မေ့သွားပြီ ဖြစ်ပြီး ၁၀ မိနစ်အတွင်းမှာ ၉၀% မေ့သွားပြီလို့ လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် မမေ့ချင်တဲ့ အိပ်မက်ဆိုရင် နိုးနိုးချင်း တစ်ယောက်ယောက်ကို ပြောပြလိုက်ခြင်း၊ ရေးမှတ်ထားခြင်းတို့ကို ပြုရပါမယ်။

လူတိုင်းမသိသော...ဗဟုသုတ( ၃၀ )


လူတိုင်းမသိသော...ဗဟုသုတ( ၃၀ )

(1) ကျွန်တော်တို့ အားလုံး နှာချေ တဲ့အခါမှာ မျက်လုံးဖွင့်ပြီး ဘယ်လိုမှ ချေလို့မရပါဘူးခင်ဗျာ

(2) လင်းပိုင်တွေဟာ အိပ်တဲ့အခါမှာ မျက်လုံးတစ်ဖက်ဖွင့်ပြီး အိပ်ကျပါတယ်

(3) နှစ်စဉ်တိုင်း နှစ်စဉ်တိုင်းမှာ မြွေကိုက်ခံရလို့ သေဆုံးတဲ့ လူအရေအတွက်ထက် ပျားတုပ်ခံရလို့ သေဆုံးတဲ့ လူအရေအတွက်က ပိုများပါတယ်

 (4) ညာသန်လူတွေဟာ ဘ...ယ်သန်လူတွေထက် ပျမ်းမျှအားဖြင့် ကိုးနှစ် ပိုအသက်ရှည်ကြပါတယ်

(5) ကျွန်တော်တို့အားလုံး Queen Elizabeth I ကို မသိရင်တောင် ကြားဖူးကြမှာပါ ဘုရင်မကြီးဟာ လိုအပ်သည် ဖြစ်စေ မလိုအပ်သည်ဖြစ်စေ သုံးလမှာ တစ်ကြိမ်သာ ရေချိုးပါတယ်တယ်။

(6) နာဇီခေါင်းဆောင်ဟစ်တလာဟာ သက်သတ်လွတ်စားသူဖြစ်ပြီး သူ့မှာ Testis (ဝှေးစေ့) တစ်လုံးသာ ရှိပါတယ်

(7) ပိုလာ ၀က်ဝံတွေဟာ ပင်ဂွင်းငှက် 86 ကောင်ကို တစ်ထိုင်တည်း စားနိုင်ပါတယ်

(8) ဂေါက်သီးတစ်လုံးရဲ့ မျက်နှာပြင်ပေါ်မှာ အစက်အပြောက်( အချိုင့်)ပေါင်း 336 ရှိပါတယ်

(9) သင် နှာချေတဲ့အခါမှာ ပါးစပ်နှင့်နှာခေါင်းအား ပိတ်ဆို့မှု မဖြစ်စေရန် ဂရုစိုက်ပါ အဘယ်ကြောင့်ဆိုသော် သင့်မျက်လုံးများ ကွဲထွက်သွားနိုင်သောကြောင့်ဖြစ်သည်

 (10) ပိုးဟပ်တစ်ကောင်အား ခေါင်းဖြတ်လိုက်မည်ဆိုပါက ဆယ့်ငါးရက်တိုင် ဆက်လက် အသက်ရှင်နေနိုင်ပါသည်၊၊ ထိုသို့သေဆုံးသွားခြင်းမှာလည်း ဆယ့်ငါးရက်တိုင် အစာမစားရသောကြောင့်သာဖြစ်ပါသည်

 (11) ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံး ဘေးချင်းယှဉ်ပြီးတန်းစီလိုက်ရင် ကမ္ဘာကို အပတ် 60 ပတ်မိ မှာဖြစ်ပါတယ်

 (12) လူ့ခန္ဓာကိုယ်မှာ အသန်မာဆုံးသော ကြွက်သားကတော့ လျှာ ဖြစ်ပါတယ်

(13) ရေဘ၀ဲ တွေမှာ နှလုံးသား သုံးခု ပါရှိပါတယ်

 (14) နေ ကနေ ကမ္ဘာကို အလင်းတန်းကျရောက်ရန်အချိန် 8 မိနစ် လိုအပ်ပါတယ် အဲဒါဟာ ဘာကိုဆိုလိုသလဲဆိုတော့ သင်ဟာ နေ၀င်သွားတာကိုမြင်လိုက်ရတဲ့ အချိန်မှာလွန်ခဲ့တဲ့ 8 မိနစ်ကတည်းက နေ၀င်ပြီးသွားပါပြီ

 (15) လူတွေစားသုံးနေကြတဲ့ အစားအစာတွေထဲမှာ တစ်ခုထဲသောမပုပ်မသိုးနိုင်တဲ့ အစားအစာ ကတော့ ပျားရည်ဖြစ်ပါတယ်၊၊

(16) အင်္ဂလိပ်စကားလုံးတွေထဲမှာ သရ(vowels)မပါဘဲ အရှည်ဆုံးသော စကားလုံးမှာ twyndylly ngs ဖြစ်ပြီး အမွှာစုံတွဲများ လို့အဓိပွါယ်ရပါတယ်

(17) ၀က်တွေဟာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းတည်ဆောက်ပုံအရ ကောင်းကင်ကို မော့ကြည့်ဖို့ မဖြစ်နိုင်ပါဘူး၊၊

 (18) မေလ မှာမွေးတဲ့ကလေးတွေဟာ အခြားလမှာမွေးတဲ့ ကလေးတွေထက် ပျမ်းမျှအားဖြင့် 200 grams ပိုလေးပါတယ်

 (19) အက်စ်ကီးမိုး လူမျိုးတွေမှာ ဆီးနှင်း(snow)လို့အဓိပွါယ်ရတဲ့ စကားလုံးပေါင်း တစ်ရာကျော် ရှိပြီး (hello)ဟလို ဟူသောနှုတ်ခွန်းဆက်စကားလုံး မရှိပေ၊၊

 (20) ကမ္ဘာပေါ်တွင်ရှိသောလူဦးရေကို အယောက်တစ်ရာထိ အချိုးကျစွာ ချုံ့လိုက်မည်ဆိုပါက အာရှတိုက်မှ 57 ယောက်၊ ဥရောပတိုက်မှ 21 ယောက်၊ အမေရိကတိုက်မှ 14 ယောက် နှင့် အာဖရိကတိုက်မှ 8 ယောက် စီရှိမှာဖြစ်ပါတယ်၊၊ထိုအထဲမှ တစ်ယောက်တည်းကသာလျှင် ကွန်ပြူတာတစ်စုံကိုပိုင်ဆိုင်မှာဖြစ်ပါတယ်၊၊

 (21) ကျွန်တော်တို့ရဲ့ မျက်လုံးအရွယ်အစားဟာ မွေးသည်မှ သေသည်ထိ တရွယ်တည်း ဖြစ်ပြီး ၊ နှာခေါင်းနှင့် နားရွက်မှာမူ ကြီးထွားမှုနုန်း ရပ်တန့်သွားခြင်းမရှိပေ

 (22) အကယ်၍သင်သည် မိုးကြိုးပစ်ခံရပါက အပူချိန် 28000 ဒီဂရီ စင်တီဂရိတ် ဖြင့်လောင်ကျွမ်း ခံရမည်ဖြစ်ပြီး ထိုအပူချိန်မှာ နေမျက်နှာပြင်ထက်ပိုမိုသော အပူချိန်ဖြစ်သည်

 (23) ကမ္ဘာပေါ်ရှိ ငှက်များအားလုံးထဲမှ အပြာရောင်ကို မြင်နိုင်သောတစ်ခုတည်းသော ငှက်မှာ ဇီးကွက်ဖြစ်သည်

(24) ပုံမှန်အားဖြင့် တနေ့တာအတောအတွင်း အမျိုးသားများသည် စကားလုံး 2000 ကျော် ပြောပြီးချိန်တွင် အမျိုးသမီးများမှာ စကားလုံးပေါင်း 7000 ကျော်ပြောပြီးဖြစ်ပေသည်၊၊ (သြော်... မိန်းမ မိန်းမ )

 (25) ပျားကောင်များသည် ပျားရည် တစ်ပေါင် ရရှိရန် ပန်းပွင့်ပေါင်း 2000 ကျော် ဖြတ်သန်း နားရောက်ရပြီး ခရီးမိုင်ပေါင်း 55000 ကျော် ပျံသန်းရပေသည်၊၊

(26) ခုန်ပေါက်ခြင်း(jumping) မပြုလုပ်နိုင်တဲ့ တစ်ခုတည်းသော နို့တိုက်သတ္တ၀ါကတော့ ဆင်ဖြစ်ပါတယ်

 (27) ဂေါက်ရိုက်ကစားခြင်းကို လွန်ခဲ့သောနှစ်ပေါင်းများစွာက စကော့တလန်ပြည်မှ စတင် တီထွင်ခဲ့တယ်လို့ဆိုပါတယ်၊၊သူတို့ဟာ အဲ့ဒီ ကစားနည်းကို " Gentlemen Only Ladies Forbidden " လို့ သတ်မှတ်ထားရာကနေ အင်္ဂလိပ်တွေက GOLF ဆိုပြီး စတင် ကစားကြတာ ဖြစ်ပါတယ်၊၊also call Game Of Lazy Fallows

 (28) ခြဘုရင်မတစ်ကောင်ဟာ နှစ်ပေါင်း ငါးဆယ်တိုင်အသက်ရှင်နေနိုင်ပြီး နေ့စဉ် ခြကောင်ရေ သုံးသောင်းထိ မွေးဖွားပေးနိုင်ပါတယ်၊၊

 (29) သင်နှင့်အတူ မွေးနေ့တစ်နေ့တည်း ကျရောက်နေသူပေါင်းမှာ 10,000,000 (ဆယ်သန်း) ဖြစ်ပါတယ်

 (30) ပိုးဟပ်များ လုံးဝမစားသော တစ်ခုတည်းသောအစားအစာမှာ သခွားသီး ဖြစ်ပါတယ်

မိန်းမကောင်းအင်္ဂါ ၆၄ ရပ်


မိန်းမကောင်းအင်္ဂါ ၆၄ ရပ်
ယင်းတို့ ကား
(၁)ခြေလက္ခဏာ ...................................... ၁၃ ရပ်
(၂)ကိုယ်လက္ခဏာ ...................................... ၁၆ ရပ်
(၃)စိတ်လက္ခဏာ ...................................... ၆ ရပ်
(၄)လက်ဖ၀ါးလက္ခဏာ .................................... ၉ ရပ်
(၅)လည်ပင်းလက္ခဏာ ..................................... ၁ ရပ်
(၆)အသံလက္ခဏာ ...................................... ၃ ရပ်
(၇)မျက်နှာလက္ခဏာ ...................................... ၈ ရပ်
(၈)သွားလက္ခဏာ ...................................... ၁ ရပ်
(၉)မျက်စေ့လက္ခဏာ ...................................... ၄ ရပ်
(၁၀)ဆံပင်လက္ခဏာ ...................................... ၃ ရပ်

ကောင်းခြင်းလက္ခဏာ ၆၄ ရပ်တွင် ခြေ နှင့်  လက်ဖ၀ါးလက္ခဏာ ဖွင့်ဆိုချက်ကို
ရှာဖွေ တွေ့ရှိခြင်းမရှိပါသေးဘူးခင်ဗျာ။

ကိုယ်လက္ခဏာ ၁၆ ရပ်

၁။ တက်သစ်စ လရောင်နှင့် တူသော ကိုယ်ရောင်
၂။လင်္ကျာရစ်လည်သောအချက်
၃။လင်္ကျာရစ်လည်သောဗွေ
၎။ရွှေသောအဆင်း
၅။နက်သောချက်
၆။ရှည်သောလက်
၇။ သိမ်မွေ့ သောအင်္ဂါ
၈။ကြီးမြတ်သော သားမြတ်
၉။ဆင်ကဲ့သို့ သွားခြင်း
၁၀။သိမ်မွေ့ သော ခါးရှိခြင်း
၁၁။သိမ်မွေ့ သောအင်္ဂါရှိခြင်း
၁၂။ကောင်းသောကိုယ်ရှိခြင်း
၁၃။ဖွံ့ သောပေါင်ရှိခြင်း
၁၄။ကိုယ်မွေးနည်းခြင်း
၁၅။လိပ်ကျောကုန်းကဲ့သို့ အင်္ဂါရှိခြင်း
၁၆။ကြာပန်းကဲ့သို့ မွှေးသောကိုယ်နံ့ ရှိခြင်း

စိတ်လက္ခဏာ ၆ ရပ်

၁။ဖြူစင်သောနှလုံးရှိခြင်း
၂။ကောင်းသောအကျင့်သီလရှိခြင်း
၃။စင်ကြယ်သောအကျင့်သီလရှိခြင်း
၎။ချစ်ခင်နှစ်သက်ခြင်း
၅။အရိပ်ခြေသိခြင်း
၆။ဖြောင့်မတ်တည်ကြည်ခြင်း

လည်ပင်းလက္ခဏာ ၁ ရပ်

၁။လည်ရေး ၃ ဆင့်ရှိခြင်း

အသံလက္ခဏာ ၃ရပ်

၁။ ဟင်္သာသံနှင့်တူသော အသံရှိခြင်း
၂။အဆိုအမိန့် နှင့်သာယာသောအသံရှိခြင်း
၃။ဥသြသံနှင့်တူသောအသံရှိခြင်း

မျက်နှာလက္ခဏာ ၈ ရပ်

၁။လပြည့် ဝန်းနှင့် တူစွာရှိခြင်း
၂။ရှည်သောမျက်နှာရှိခြင်း
၃။နီသောနှုတ်ခမ်းရှိခြင်း
၎။ဖြိုးမောက်သောနှာတံရှိခြင်း
၅။ပြည့် ဖြိုးသောပါးရှိခြင်း
၆။မှဲ့  ၀က်ခြံ ကင်းစင်သော နဖူး၌ ဖြောင့်မတ်သော တချောင်းတည်းသော တံခွန်
အလံတိုင် အရေးရှိခြင်း
၇။သံတ္တိမည်သောအရေးကဲ့ သို့  နဖူးပြင်၌ အရေးရှိခြင်း
၈။ချွန်သောနှာခေါင်းရှိခြင်း

သွားလက္ခဏာ ၁ ရပ်

၁။ ခရုသင်းပွင့်သစ်စကို လွှနှင့် ဖြတ်သည့် အလား
မယိုင်မကျဲမပေါက်သောချောမောသော နဂိုဖြင့် ကြည်၍ တင့်တယ်ခြင်း

မျက်စေ့လက္ခဏာ ၄ ရပ်

၁။မကျဉ်းမကျယ် တင့်တယ်သော မျက်စေ့ ရှိခြင်း
၂။ကြာညိုပန်းနှင့် တူသောမျက်စေ့ (အချို့ မှာ ပြာညိုသော မျက်စေ့ရှိခြင်း)
၃။သမင်မျက်စေ့နှင့်တူသော မျက်စေ့ ရှိခြင်း
၎။ပဒုမ္မာကြာကဲ့ သို့  အချို့ မှာ စိမ်းသောမျက်စေ့ ရှိခြင်း

ဆံပင်လက္ခဏာ ၃ ရပ်

၁။အဖျားကော့သော ဆံပင်ရှိခြင်း
၂။ရှည်သော ဆံပင်ရှိခြင်း
၃။သိမ်မွေ့ သော ဆံပင်ရှိခြင်း...။

မိန်းကလေးနှင့်ပတ်သက်သော စကားပုံများ


မိန်းကလေးနှင့်ပတ်သက်သော စကားပုံများ
In a beloved wife there is no evil. African Proverb

အချစ်ဆုံး ဇနီးတစ်ယောက်တွင် မကောင်းမှုဟူ၍ မရှိ။

(အာဖရိက စကားပုံ)



A quarrelsome girl will not be married. African Proverb

စကားများရန်ရှာသော မိန်းကလေးတစ်ယောက်ကို ဘယ်သူမှ လက်ထပ်ပေါင်းသင်းမှာ မဟုတ်ပေ။

(အာဖရိက စကားပုံ)



A woman who has lost her rival has no sorrow. African Proverb

ပြိုင်ဘက်ဆုံးရှုံးသွားသော မိန်းမတစ်ယောက်တွင် သောကဟူ၍ မရှိ။

(အာဖရိက စကားပုံ)



The starred woman have two babies a year. Afghanistan Proverb

အကျင့်မကောင်းသော မိန်းမများသည် တစ်နှစ်ကို ကလေးနှစ်ယောက်မွေးသည်။

(အာဖဂန်နစ္စတန် စကားပုံ)



A woman is well either in the house or in the grave. Afghanistan Proverb

မိန်းမတစ်ယောက်သည် အိမ်မှာရှိလျှင်ကောင်းသလို သင်္ချီုင်းကုန်း မှာရှိလျှင်လည်း ကောင်း၏။

(အာဖဂန်နစ္စတန် စကားပုံ)



Even a blind wife is better than no wife at all. African Proverb

မျက်မမြင်ဇနီးတစ်ယောက် ရှိနေခြင်းသည်ပင်လျှင် ဇနီးလုံးဝမရှိသည်ထက် ပို၍ ကောင်း၏။

(အာဖရိက စကားပုံ)



If you marry a beautiful woman,you marry trouble. African Proverb

လှပသည့် မိန်းကလေးတစ်ယောက်ကို လက်ထပ်ခြင်းသည် ဒုက္ခကို ထိမ်းမြားခြင်းပင်ဖြစ်လေသည်။

(အာဖရိက စကားပုံ)




A woman is attractive when she is somebody else's wife. African Proverb

မိန်းမတစ်ယောက်သည် တစ်ပါးသူ၏ ဇနီးဖြစ်နေသည့်အခါ ဆွဲဆောင်မှု ရှိလှလေသည်။

(အာဖရိက စကားပုံ)



A gossiping woman is the root of trouble.

African Proverb

စပ်စုတတ်သော မိန်းမတစ်ယောက်သည် ဒုက္ခ၏ ဇာစ်မြစ်ပင်ဖြစ်သည်။

(အာဖရိက စကားပုံ)




If a woman speaks two words,take one and leave the other. African Proverb

မိန်းမတစ်ယောက်က စကားနှစ်ခွန်းပြောလျှင် တစ်ခွန်းကိုသာယူပြီး တစ်ခွန်းကိုပယ်ပါ။

(အာဖရိက စကားပုံ)

စိတ်ကြွပီကေကျွေးပြီး အဝတ်မဲ့ ဓာတ်ပုံရိုက်ယူကာ အင်တာနက်ပေါ်တင်မည်ဟု ပြော၍ ငွေသိန်း ၅ဝဝ ခန့် ခြိမ်းခြောက်ရယူမှု ပြည်မြို့တွင် ဖြစ်ပွား


စိတ်ကြွပီကေကျွေးပြီး အဝတ်မဲ့ ဓာတ်ပုံရိုက်ယူကာ အင်တာနက်ပေါ်တင်မည်ဟု ပြော၍ ငွေသိန်း ၅ဝဝ ခန့် ခြိမ်းခြောက်ရယူမှု ပြည်မြို့တွင် ဖြစ်ပွား
စိတ်ကြွပီကေကျွေးပြီး ဝတ်လစ်စလစ်ပုံများ ရိုက်ယူကာ ငွေခြိမ်းခြောက်ရယူသည့် အသက် ၂ဝ အရွယ် အမျိုးသမီးတစ်ဦးကို ရဲက ပုဒ်မ ၃၈၆ ဖြင့် ဖမ်းဆီးလိုက် ပြီဖြစ်ကြောင်း ပြည်မြို့ အမှတ် ၂ ရဲစခန်းမှ သိရသည်။ ပြည်မြို့ရှိကွန်ပျူတာ တက္ကသိုလ် ကျောင်းသူ တစ်ဦးကို ယောက်ျားစိတ်ပေါက်နေသူ အမျိုးသမီးတစ်ဦးက ပီကေကျွေးကာ အင်္ကျီချွတ်ပြီး ဝတ်လစ် စလစ်ပုံ ရိုက် ယူခြင်းဖြစ်ပြီး ၄င်းဓာတ်ပုံများကို အင်တာနက်ပေါ်တင်မည်ဟု ခြိမ်း ခြောက် ပြီးငွေအကြိမ်ကြိမ် တောင်းခံ ခဲ့ရာ စုစုပေါင်း ကျပ်သိန်း ၅ဝဝ ခန့် ပေးခဲ့ရကြောင်း တရား လိုနှင့် နီးစပ်သူတစ်ဦးကပြောသည်။ ”အစကတော့ မသိ ဘူးပေါ့၊ နောက်မှ သူက အဒေါ်ကို ဖွင့်ပြော လိုက်တော့ဖြစ်ရပ်အကုန်းလုံးသိကြ ရတယ်၊ဒါနဲ့ရဲစခန်းကို သြဂုတ်လ ၂၃ ရက်နေ့ က တိုင်ကြားလိုက် ရတယ်” ဟု ၄င်းက တယ်လီဖုန်း ဖြင့် ဆက်သွယ်ပြောသည်။ ယင်း ကိစ္စနှင့်ပတ်သက်၍ ပေါ်ပြူလာနယူးစ် ဂျာနယ်မှ ပြည်မြို့ ရှိ အမှတ် ၂ ရဲစခန်းသို့ ဆက် သွယ် မေးမြန်းခဲ့ရာ တာဝန်ရှိသူတစ်ဦးက ”ဒီအမှုဖြစ်တာ ဟုတ်ပါတယ်၊ တရားခံလို့ ယူဆရတဲ့ သူကိုလည်း ဖမ်းမိထားပါတယ်၊ တရားရုံးကို အမြန်ဆုံးတင်ပို့နိုင်ဖို့အတွက် စီစဉ်နေပါ တယ်”ဟု ပြန်လည် ဖြေကြားခဲ့သည်။
ရန်ကုန်မြို့စမ်းချောင်းနေတရားခံဟုယူဆရသူအမျိုးသမီးငယ်ကခြိမ်းခြောက်၍ ရယူထား သော ငွေစုစုပေါင်း သိန်း ၅ဝ နှင့် ရန်ကုန်ရိုးမဘဏ်မှမထုတ်ရသေး သည့် ငွေကျပ် ၄၆ သိန်းတို့ အပါအဝင် ခြိမ်းခြောက်၍ ရထား သောငွေဖြင့် ပင်ဝယ်ယူထားသည့် လတ်ဝတ်ရတနာ ကျပ်သိန်း ၈ဝ ခန့်တို့ကိုတရား လို ကျောင်းသူ ၏ မှတ်ပုံတင်နှင့်အတူ သိမ်းဆည်း ရမိခဲ့ကြောင်းကို ပြည်မြို့အမှတ် (၂) ရဲစခန်းမှစခန်းမှူးဦးဇော်လွင်နှင့်အမှုစစ်ရဲအုပ်ဦးဇော်လှိုင်ထွန်းတို့ထံမှ သိရသည်။”ပြည်မြို့က နွေဦးကံ့ကော် အဆောင်မှာ ဖမ်းမိတယ်။သူနဲ့အ တူလက်ကိုင်ဖုန်းကိုပါ သိမ်းဆည်းမိ ပါတယ်။ အဲဒီအထဲမှာအခြားမိန်းကလေးတွေရဲ့ဝတ်လစ်စလစ်ပုံ တွေကိုပါ တွေ့ခဲ့ရပါတယ်” ဟု ပဲခူးတိုင်းဒေသကြီးမှ ရဲအုပ်ဦးစိုးမင်း ကပြောသည်။ တရားလို ကွန်ပျူတာတက္က သိုလ်ကျောင်းသူသည် ၂ဝ၁ဝ ပြည့် နှစ်သြဂုတ်လ ၁ဝ ရက်နေ့မှစ၍ ၂ဝ၁၁ ခုနှစ်အထိ စုစုပေါင်းငွေသိန်း ၅ဝဝ ခန့်ကို တရားခံဟုယူဆရသူ ထံအကြိမ် ကြိမ်ပေးအပ်ခဲ့ရကြောင်း ထိုငွေများကို ပြည်မြို့ရှိ ရိုးမဘဏ်မှ ရန်ကုန်သို့လွှဲပြောင်းခဲ့ရသည့်အပြင် မှတ်ပုံတင်ကိုပါ ပေးထားခဲ့ရကြောင်း အိမ်ရှိမီး ခံသေတ္တာအတွင်းမှ စိန်နှင့် ရွှေများအကုန်လုံးကို SURE ကား ဖြင့်ခိုးထုတ်ယူခဲ့ရန် အကြပ်ကိုင် ခြိမ်းခြောက်လာသဖြင့် ဖွင့်ပြောမှ အလုံးစုံသိခဲ့ရပြီး ရဲစခန်းသို့တိုင် ကြားခဲ့ရကြောင်း တရားလိုနှင့်နီးစပ် သူကပြော သည်။ တရားလိုနှင့် တရားခံဟုယူ ဆရသူ အမျိုးသမီးတို့သည် ၂ဝ၁ဝ မတ်လတွင် မိတ်ဆွေဖြစ်ခဲ့ကြပြီး ၂ဝ၁ဝ ဇူလိုင်လတွင် တရားခံဟုယူ ဆရသူ အမျိုးသမီးသည် ပြည်မြို့သို့ ရောက်ရှိလာကာ အိမ်ငှားနေထိုင် ပြီးနောက် အဆိုပါ အိမ်၌တရားလို အားစိတ်ကိုမေ့မြောစေသော ပီကေ ကျွေးကာ အဝတ် များချွတ်၍ဓါတ်ပုံ ရိုက်ယူခဲ့သည်။ထို့နောက် ဓာတ်ပုံကို အင်တာနက်တင် မည်ဟုခြိမ်းခြောက် ကာငွေညှစ်ခဲ့သည်ဟု တရားလိုနှင့် နီးစပ်သူကပြောသည်။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီမှ အဆိုပါအမှုဖြစ်စဉ်နှင့်ပတ် သက်၍ ”ဒါက မကောင်းတဲ့လုပ်ရပ် တစ်ခုပဲ။ ပိုဆိုးတာက ဓာတ်ပုံပြပြီး ငွေခြိမ်းခြောက်တာ ဆိုတော့ တာ် တော်အောက်တန်းကျတယ် မိန်းကလေးတစ်ယောက် ဘဝလမ်း ဆုံးသွား နိုင်တဲ့အမှုတစ်ခုဖြစ်တဲ့အ တွက်နောက်လူတွေ ဆက်မ လုပ်နိုင်အောင် ထိရောက်တဲ့ ပြစ်ဒဏ်ချ မှတ်သင့်တယ်”ဟု ပြောသည်။