Tuesday 25 September 2012
ကိုယ်အလေးချိန် လျှော့ချပေးနိုင်သော ဖြည့်စွက် ဗီတာမင်
သင်ဟာ လေ့ကျင့်ခန်းတွေ လုပ်ပြီး ကိုယ်အလေးချိန် ချနေပေမယ့် သင့်ခန္ဓာကိုယ် အလေးချိန်က မပြောင်းလဲဘဲ ဖြစ်နေပါသလား။ သင်စားတဲ့ အစားအသောက်နဲ့   သင့်ခန္ဓာကိုယ် အလေးချိန်က တိုက်ရိုက် ဆက်စပ်မှု ရှိနေပါတယ်။ သင်ဟာ အစားအသောက် လျှော့စားတယ် ဆိုပေမယ့် မှန်ကန်တဲ့ စားသောက်မှုပုံစံ ဖြစ်ပါမှ သင့်ကိုယ်အလေးချိန်ကို လျှော့ချနိုင်မှာပါ။ သင်စားတဲ့ အစားအသောက်တွေထဲမှာ ကိုယ်အလေးချိန် လျှော့ချဖို့ အထောက်အကူ ဖြစ်စေတဲ့ ဗီတာမင်တွေ ရှိနေပါတယ်။ အဲဒီ ဗီတာမင်တွေကတော့ ...
ဗီတာမင်စီ  
ခန္ဓာကိုယ်မှာ စုနေတဲ့ အဆီတွေကို စွမ်းအင်အဖြစ် ဖြိုခွဲရာမှာ အသုံးပြုရတဲ့ ဗီတာမင် အမျိုးအစားကတော့ ဗီတာမင်စီပါ။ Arizona State University က သုတေသီတွေက လေ့ကျင့်ခန်းနဲ့ ကိုယ်အလေးချိန် ချသူတွေကို နေ့စဉ် ဗီတာမင်စီ ၅၀၀ မီလီဂရမ် ဆေးပြား တစ်လတိတိ ပေးကာ လေ့ကျင့်ခန်း ပြုလုပ်စေပြီး လေ့လာခဲ့ရာ ခန္ဓာကိုယ်တွင်း စုနေတဲ့ အဆီတွေကို ဖြိုခွဲမှု ပိုမို ကောင်းမွန်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ သင်ဟာ နေ့စဉ် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများ စားသုံးသူ ဖြစ်နေခဲ့ရင်တော့ ဗီတာမင်စီ ပမာဏကို လျှော့ချ သောက်သုံးသင့်ပါတယ်။
ဗီတာမင်ဒီ  
နေရောင်ခြည်ကနေ အလကား ရယူနိုင်တဲ့ ဗီတာမင်ဒီဓာတ်ကို လုံလုံလောက်လောက် မရရှိတဲ့အခါ သင့်ခါး အရွယ်အစားက ရှိသင့်တဲ့ ခန္ဓာကိုယ် အချိုးအစားထက် ပိုကြီးနေတတ်ပါတယ်။ University of Minnesota က သုတေသီတွေက ကယ်လိုရီနည်းတဲ့ အစားအသောက်တွေနဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းမှုတွေ မစတင်ခင် သွေးထဲမှာ ဗီတာမင်ဒီ ပမာဏ မြင့်မားနေတဲ့ အဝလွန်နေသူတွေက ကိုယ်အလေးချိန်နဲ့ ဗိုက်က အဆီတွေ သိသိသာသာ လျော့နည်းသွားနိုင်တယ်လို့ ဆိုပါတယ်။ ကိုယ်အလေးချိန် လျှော့ချဖို့ အတွက် လိုအပ်တဲ့ ဗီတာမင်ဒီ ပမာဏက တစ်နေ့ကို ၄၀၀ အိုင်ယူ ဖြစ်ပါတယ်။ သွေးတွင်း ဗီတာမင်ဒီ ပမာဏကို စမ်းသပ် စစ်ဆေးဖို့တော့ လိုအပ်ပါတယ်။
ကယ်လ်စီယမ်
အဝလွန်သူ အမျိုးသမီးတွေကို နေ့စဉ် ၁၂၀၀ မီလီဂရမ်ရှိတဲ့ ကယ်လ်စီယမ်ပေးပြီး ၁၅ ပတ်ကြာ လေ့လာခဲ့ရာ ၁၃ ပေါင် ကျဆင်းတာကို တွေ့ရတယ်လို့ British Journal of Nutrition က ပြုလုပ်တဲ့ လေ့လာမှုတွေက ဖော်ပြခဲ့ပါ တယ်။ သုတေသီတွေက ကယ်လ်စီယမ်  မှီဝဲရင် အစာ စားတဲ့အခါ အလွန်အကျွံ ဗိုက်ပြည့်တင်းအောင် မစားမိဘဲ တင်းတိမ်မှုကို ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။ ကိုယ်အလေးချိန် လျှော့ချဖို့ အတွက် လိုအပ်တဲ့ ကယ်လ်စီယမ် ပမာဏက တစ်နေ့ကို ၁၀၀၀ မီလီဂရမ် ဖြစ်ပါတယ်။ ခန္ဓာကိုယ်က ကယ်လ်စီယမ်ကို တစ်ကြိမ် စုပ်ယူတဲ့အခါ ၅၀၀ မီလီဂရမ်ထက် ပိုပြီး မစုပ်ယူနိုင်တာကြောင့် တစ်နေ့ကို ၅၀၀ မီလီဂရမ် ကယ်လ်စီယမ် ဆေးပြားကို နှစ်ကြိမ် သောက်ပေးပါ။
No comments:
Post a Comment