Thursday, 30 May 2013

အနမ်း (၁၀) ပါး ကို သိထားဖို့ လိုအပ်နိုင်ပါတယ်။



အနမ်း (၁၀) ပါး ကို သိထားဖို့ လိုအပ်နိုင်ပါတယ်။


အောက်ပါ အနမ်း (၁၀)မျိုးထဲက ကျနော့်ချစ်သူကို မေးကြည့်တယ်။ ဘယ်ဟာပိုကြိုက်သလဲလို့။ သူကတော့ တစ်မျိုးစီ ကြိုက်တာချည်းပါပဲ တဲ့။ အဲဒါကြောင့် လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မရွေးစားသုံးနိုင်ပါစေကြောင်း ရည်စူးပြီး တင်ပြလိုက်ပါတယ်။
(၁) ရေတံခွန်အနမ်း=
ချစ်သူနဲ့တွေ့တဲ့အခါ တောင်အမြင့်ပေါ်က စီးကျလာတဲ့ ရေတံခွန်လို ချစ်သူ့ကိုယ်လုံးလေးကို ခပ်ကြမ်းကြမ်းပွေ့ဖက်ထားပြီး အားပါးတရ တရစပ် နမ်းခြင်း။

(၂) ရွှင်ပျော်ပျော်အနမ်း=
ချစ်သူ့ကိုယ်ပေါ်မှာရှိတဲ့ 
ယားတတ်တဲ့ နေရာတွေကို လက်ချောင်းလေးတွေနဲ့ တို့ဆိပ်ရင်း ရယ်ရွှင်လာအောင်လုပ်ပြီးမှ နမ်းခြင်း၊
(၃) ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀အနမ်း=
ချစ်သူရဲ့နှုတ်ခမ်းကို ငုံစုပ်ပြီး မနမ်းပဲ အပေါ်ယံနှုတ်ခမ်းသားလေးတွေအပေါ် လျှာဖျားလေးနဲ့ တို့ထိကလိပေးလျှက် နမ်းခြင်း၊

(၄) စွမ်းအင်ပြည့်အနမ်း=
နှုတ်ခမ်းကို လုံးဝမထိမိစေပဲ ချစ်သူ့တစ်ကိုယ်လုံးကို ရင်ခွင်ထဲထည့်ကာ ချစ်သူ့ကျောပြင်ကို လက်ချောင်းများဖြင့် ပွတ်သတ်ပေးခြင်းဖြင့် နမ်းခြင်း၊

(၅) ရေခဲစိမ်အနမ်း=
ပူအိုက်တဲ့ရာသီမှာ ချစ်သူနဲ့အတူ ရေခဲမုန့်စားခြင်းဖြင့်ဖြစ်စေ၊ အအေးသောက်ခြင်းဖြင့်ဖြစ်စေ၊ နှစ်ဦးစလုံးရဲ့ နှုတ်ခမ်းများကို အေးစက်အောင်လုပ်ပြီးမှ နမ်းခြင်း၊

(၆) မူဟန်ကြွယ်အနမ်း=
ချစ်သူနဲ့အတူနေတဲ့အခါ အလျှင်စလိုမနမ်းမိစေပဲ ချစ်သူလိုလားမှန်းသိသည့်တိုင် မသိယောင်ဆောင်နေပြီး သူ့ဘက်က အငမ်းမရတောင်းတလာမှ နမ်းခြင်း၊

(၇) တူးတူပုန်းအနမ်း=
ချစ်သူနဲ့ပြေးလွှားဆော့ကစားရင်း ကိုယ်အချင်းချင်းပွတ်သတ်ထိတွေ့စေပြီး ပျော်ရွှင်အူမြူးအောင်လုပ်ပြီးမှ နမ်းခြင်း၊

(၈) အာရှအနမ်း (သို့) မွှေးမွှေးပေးခြင်း=
နှုတ်ခမ်းချင်းမထိစေပဲ ချစ်သူရဲ့ နဖူးပြင်၊ ပါးပြင်စသည်ကို မွှေးမွှေးပေးခြင်းဖြင့်နမ်းခြင်း၊

(၉) သကာစိမ်အနမ်း=
ချော့ကလက်သကြာလုံးစသည်ကို တစ်ဦးပါးစမ်းထဲ တစ်ဦးပါးစပ်ဖြင့်ထည့်ပေးလျှက် အပြန်အလှန်နမ်းခြင်း၊

(၁၀) ငတက်ပြားအနမ်း=
ချစ်သူနဲ့အတူတွဲသွားတဲ့အခါ ပတ်ဝန်းကျင်လူအခြေအနေကြည့်လျှက် လစ်ရင်လစ်သလိုနမ်းခြင်း၊

ဟု အနမ်း (၁၀)မျိုးပါးကို မှတ်သားရပါကြောင်း။


No comments:

Post a Comment