Thursday 30 May 2013

မဟာလူသားတွေပါ.......



သတ္တလောကကြီးအတွင်း၌ လူသားတို့သည် အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုး၊
အကြောင်းနှင့် အကျိုးကို ခွဲခြားသိမြင်နိုင်စွမ်းသော ၊ ပိုင်းခြားဝေဖန် နိုင်စွမ်းရှိသော ၊ သုံး
သပ်ဆင်ခြင်နိုင်စွမ်းရှိသော မဟာလူသားအဖြစ် အခြားသော သတ္တ၀ါများအကြားတွင် ၀င့်
ကြွားဂုဏ်ယူစွာ နေထိုင်လျက်ရှိကြပါ၏။
        သို့ပေသော်ငြားလည်း လူ့လောက၊ လူ့ဘ၀တွင် အောင်မြင်မှုသရဖူ ဆောင်းနိုင်ရေး
အတွက် အချို့သော သတ္တ၀ါတို့ထံမှ အတုခိုးသင်ယူ ခဲ့ကြရပေ၏ ။ အချို့သော နယ်ပယ်
တို့တွင် သတ္တ၀ါတို့ကို ဆရာတင်ရ၏ ။ ကိုယ်ခံပညာရပ်တွင် မြွေ ၊ ကျား ၊ စွန် ၊ ကြိုးကြာ ၊
အစရှိသော သတ္တ၀ါတို့ထံမှ အတုယူသင်ကြားခဲ့ကြရ၏ ။
        ထို့အတူပင် လူမှုဘ၀နယ်ပယ်၌ အောင်မြင်မှုအတွက် အထောက်အပံ့ဖြစ်စေရန်အ
တွက် ခြင်္သေ့၊ ဗျိုင်း၊ ခွေး၊ မြည်း၊ ကျီးနှင့် ကြက်တို့ထံမှ အတုယူကြရန် ရှေးလူကြီးသူမတို့
က ဆုံးမညွှန်ပြခဲ့ကြလေ၏ ။
 ၁။  ခြင်္သေ့တို့စံနမူနာ။      ခြင်္သေ့တို့မည်သည် သားကောင်ကိုဖမ်းရာ၌ ကြီးငယ်မဟူ မိမိ
      ခွန်အားကို တစ်သမတ်တည်း စိုက်ထုတ်၏ ။ ထိုဓလေ့ကို စံပြုကျင့်ကြံရာ၏ ။
 ၂။  ဗျိုင်းတို့ထံမှ စံနမူနာ။      ဗျိုင်းတို့သည် ကတွတ်ပေါက်အနီး၌ ငါးကိုစောင့်ဖမ်းရာတွင်
      ဣနြေ္ဒဖြင့် တည်ငြိမ်စွာစောင့်၍ ဖမ်း၏ ။ ဗျိုင်း၏တည်ငြိမ်မှုကို အတုယူရာ၏ ။
 ၃။  ခွေးတို့၏ စံနမူနာ။      ခွေးတို့သည် သခင့်အကြိုက်ကို ဆောင်၏ ။ အစာ၌ ရောင့်ရဲ
      လွယ်၏ ။ အိပ်၍ပျော်လွယ်၏ ။ နိုးထလွယ်၏ ။ သခင့်အပါးတွင် မပြတ်ချည်းကပ်၏ ။
      ရဲရင့်၏ ။ ဤစရိုက် ခြောက်မျိုးကို အတုခိုးရာ၏ ။
 ၄။  မြည်းတို့၏ စံနမူနာ။      မြည်းတို့သည် အပင်ပန်းခံနိုင်၏ ။ အပူအအေးဒဏ်ကို ခံနိုင်
      ၏ ။ ရောင့်ရဲလွယ်၏ ။ ဤစရိုက်သုံးမျိုးကို ဆုပ်ကိုင်အလေ့အကျင့်ပြုရာ၏ ။
 ၅။  ကျီးတို့၏ စံနမူနာ။      ကျီးတို့သည် မေထုံမှီဝဲရာ၌ လျှို့ဝှက်၏ ။ စည်းလုံးညီညွတ်၏ ။
      မေ့လျော့ခြင်း ကင်း၏ ။ မပျင်းမရိ လုံ့လရှိ၏ ။ ဤ လေးမျိုးကို မှတ်သားအားထုတ်ရာ
      ၏ ။
 ၆။  ကြက်တို့၏ စံနမူနာ။      ကြက်တို့သည် စောစောအိပ်ယာထ၏ ။ ခွပ်ရာ၌ဇွဲကောင်း၏ ။
      အစာကို စည်းလုံးစွာစားတတ်၏ ။ မယားကိုစောင့်ရှောက်၏ ။ ထိုလေးမျိုးကို ဆင်ခြင်
      လိုက်နာရာ၏ ။
        လူသားတို့သည် ငါမှငါဟူသောစိတ်၊ ငါနှင့်ငါသာနှိုင်းစရာဟူသော မာနတို့ကိုပယ်သတ်
၍ ကောင်းသောစံနမူနာဖြစ်ပါက အရာခပ်သိမ်းတို့ထံမှ သင်ယူသင့်၏ ။ မွန်မြတ်သောစိတ်အ
ကြံအစည်ကို မွေးမြူရာ၏ ။ ကောင်းသောအမှုကိစ္စတို့ကိုသာ ပြုသင့်၏ ။ မိမိ၊သူတစ်ပါးအကျိုး
များသော အမှုတို့ကို ရွေးချယ်ပြုဆောင်ရာ၏ ။
         ညစ်ထေးပေကျံ နေသော အ၀တ်တို့ကို ကိုယ်မှချွတ်ပယ်သကဲ့သို့  သေးသိမ်မှားယွင်း
သော စိတ်၊အတွေးအခေါ်၊ အယူဝါဒ၊ အကျင့်စရိုက်နှင့် အလေ့အထတို့ကို စွန့်ပယ်သင့်ကြ၏ ။
မိမိ၊ သူတစ်ပါးတို့ အကျိုးမဲ့ ထိခိုက်ပျက်သုန်းစေမည့် မကောင်းသော အမှုကိစ္စတို့ကို ဝေးစွာ
ရှောင်ရှားရာ၏ ။
        သင်သည် မဟာလူသားတစ်ဦး ဖြစ်ပေသောကြောင့်တည်း ။

မနက်ဖြန်များစွာအတွက်ရှင်သန်ရပ်တည်နေမရ့် .............foreversoe

No comments:

Post a Comment