စကားပြောကောင်းဖို့ သော့ချက်(၁၀)ချက်
၁။သူတစ်ပါးစကားကိုအာရုံစိုက်နားထောင်ခြင်း။
၂။တစ်ဖက်သားစိတ်ဝင်စားမည့်အကြောင်းကိုပြောဆိုခြင်း။
၃။အရေးမကြီးသည့်သေးစိတ်ကိစ္စများကို ထည့်မပြောခြင်း။
၎။စကားတစ်လုံးထဲထပ်တလဲလဲမသုံးမိအောင်ရှောင်ကြဉ်ခြင်း၊ ဥပမာ-ဟုတ်ကဲ့၊ဒီလိုလေ၊ဟိုဟာ၊ဟိုဒင်း။
၅။ရှင်းလင်းတိကျစွာပြောဆိုခြင်း။
၆။မေးခွန်းကောင်းမေးတတ်ခြင်း။
၇။သူတစ်ပါးအားဆန့် ကျင်စွာပြောဆိုခြင်းကိုရှောင်ကြဉ်ခြင်း၊ဥပမာ-မင်းတို့ လုပ်ငန်းကလိမ်တာပဲ။
၈။သူတစ်ပါးစကားကိုကြားဖြတ်မပြောခြင်း။
၉။တစ်ဖတ်သားအားစိတ်ရှည်ခြင်း၊သည်းခံနိုင်စွမ်းရှိခြင်း၊ဒေါသသံမပါအောင်ပြောဆိုခြင်း။
၁၀။အလျဉ်းသင့်သလိုချီးမွမ်းစကားထည့်ပြောခြင်း။
စကားပြောခြင်း အတတ်ပညာ (၁၀) ချက်။
အောင်မြင်ခြင်းသည်
လူအချင်းချင်း ပြေပြစ်စွာ ဆက်သွယ်နိုင်ခြင်းပေါ်တွင် အခြေတည်ပါသည်။
အောင်မြင်လိုသူများသည်
စကားအင်္ဂါ အချက် (၁၀) ချက်ကို သေသေချာချာ လေ့လာပြီး မိမိကိုယ်ကို လေ့ကျင့်
သင့်ပေသည်. . . .။
၁။ အချိန်ကို လေ့လာ၍ ပြောဆိုခြင်း။
၂။ မှန်သောစကားကိုသာ
ပြောဆိုခြင်း။
၃။ အကြောင်းနှင့်အကျိုး
ခိုင်လုံသောစကား (တရားအားလျော်သော စကား) ကိုပြောဆိုခြင်း။
၎။ အကျိုးရှိမည့်
စကားကိုသာ ပြောဆိုခြင်း။
၅။
ချစ်ခင်ဖွယ်ကောင်းအောင် ပြောဆိုခြင်း။
၆။ ပြုံးရွှင်စွာ
စကားပြောတတ်ခြင်း။
၇။ စကားပြောဆိုရာတွင်
ချင့်ချိန်၍ ပြောဆိုခြင်း။
၈။ စကားပြောဆိုရာတွင်
မနှေးလွန်း မမြန်လွန်ဘဲ အေးဆေးစွာပြောဆိုခြင်း။
၉။ စကားအသုံးအနှုန်းကို
မှန်ကန်စွာနှင့် ယဉ်ကျေးစွာပြောဆိုခြင်း။
၁၀။စကားပြောဆိုရာတွင်
ဗလုံးဗထွေး မပြောဘဲ ရှင်းလင်းပြတ်သားစွာ ပြောဆိုခြင်း။
အထက်ပါ (၁၀) ချက်နှင့်
ပြည့်စုံသူဖြစ်ပါက နှစ်လိုဖွယ်ကောင်းအောင် စကားပြောတတ်သူ ဖြစ်လာမှာ
အသေအချာပင်ဖြစ်ပါသည်။
မနက်ဖြန်များစွာအတွက်ရှင်သန်ရပ်တည်နေမရ့် ...........foreversoe
No comments:
Post a Comment